KBKO FRP TOOL — ESP32 Web Flasher

Firmware: ESP32 FRP Captive Portal (REPEATER / Final Update) ¡ Board: ESP32 Board with TypeC (WROOM-32, CP2102)
🌐 Repeater (Online) ပုံစံ

SD module မလိုဘူး။ Board က ဆိုင် Wi-Fi ကနေ internet ချိတ်ပြီး ဖိုင်တွေကို online ကနေ download ပေးတဲ့ ပုံစံ။ Portal ထဲမှာ Repeater ချိတ်နည်း ရှင်းပြချက်ပါ ပါတယ်။

ဒီ Install ခလုတ်ကို နှိပ်ပြီး COM port ရွေးရုံပဲ — firmware ကို သူ့ဘာသူ download လုပ်ပြီး board ထဲ ရေးပေးမယ်။

💾 SD Module (Original) ပုံစံ

မူရင်း FRP TOOL အတိုင်း။ ဖိုင်တွေကို SD card (module သပ်သပ် တပ်ရမယ်) ကနေ ပေးတဲ့ ပုံစံ — ပြင်ဆင်နည်းကို အောက်ဆုံး အပိုင်းမှာ ကြည့်ပါ။

ဒီ Install ခလုတ်ကို နှိပ်ပြီး COM port ရွေးရုံပဲ — firmware ကို သူ့ဘာသူ download လုပ်ပြီး board ထဲ ရေးပေးမယ်။

မလုပ်ခင် သိထားဖို့
  1. ဒီ page ကို Chrome (သို့) Edge နဲ့ ဖွင့်ပါ — Firefox / Safari မရဘူး။
  2. Data ရတဲ့ USB-C ကြိုးနဲ့ board ကို laptop မှာ ထိုးပါ (အားသွင်း-only ကြိုး မရ)။
  3. COM port မပေါ်ရင် — CP210x driver (Silicon Labs, free) အရင် သွင်းပါ။ Windows က တခါတလေ အလိုအလျောက် သွင်းပေးတယ်။
  4. Install လုပ်တုန်း "Connecting..." မှာ ရပ်နေရင် board ပေါ်က BOOT ခလုတ်ကို ဖိထားပေးပါ — စ ရေးပြီဆိုမှ လွှတ်ပါ။
ပြီးရင် စမ်းနည်း
  1. Board က EN ခလုတ် တစ်ချက် နှိပ်ပါ (restart)။
  2. ဖုန်း WiFi list မှာ FRP TOOL ပေါ်လာမယ် — password: 12345678
  3. အဲ့ဒီ WiFi ကို ချိတ်လိုက်တာနဲ့ portal page အလိုအလျောက် ပေါ်လာမယ် ("Sign in to network" ဆိုပြီး တန်းပွင့်မယ်) — browser မှာ ဘာမှ ရိုက်စရာ မလိုဘူး။ ဒါဆို အောင်ပြီ။
  4. တစ်ခုခုကြောင့် အလိုအလျောက် မပွင့်မှသာ browser မှာ 192.168.4.1 ကို လက်နဲ့ ရိုက်ဖွင့်ပါ (fallback)။

မှတ်ချက်: Repeater (Online) ပုံစံမှာ SD card မလိုပါဘူး — ဆိုင် Wi-Fi ရှိဖို့ပဲ လိုတယ်။ SD Module ပုံစံမှာ ဆိုရင် microSD module + SD card (download/apk) လိုပါတယ်။

SD Card ပြင်နည်း (APK file တွေ အတွက် — လိုအပ်မှ လုပ်ပါ)

ဒီအပိုင်းက SD Module (Original) ပုံစံကို ရွေးထားတဲ့ သူတွေ အတွက်ပါ — အဲ့ဒီ ပုံစံမှာ download ခလုတ်တွေက SD card ထဲက APK ဖိုင်တွေကို ပေးတာပါ။ Repeater (Online) ပုံစံမှာ ဆိုရင် ဒီအပိုင်း မလိုပါဘူး။

ဖိုင် ရယူရန်: bypass_files.zip (233 MB) — APK 28 ခု + XML 4 ခု (မူရင်း FRP TOOL post က standard file set)

ကူးထည့်နည်း:
  1. microSD card (512MB အထက်) ကို FAT32 နဲ့ format ချပါ။
  2. အပေါ်က bypass_files.zip ကို download လုပ်ပြီး extract ဖြေပါ — apk folder တစ်ခု ရလာမယ်။
  3. SD card ထဲမှာ download ဆိုတဲ့ folder အသစ် ဆောက်ပါ။
  4. apk folder ကို အဲ့ဒီ download folder ထဲ ကူးထည့်ပါ — နောက်ဆုံး ပုံစံက SD:\download\apk\... ဖြစ်ရမယ်။
  5. SD module ကို board နဲ့ ကြိုးချိတ်ပါ: SCK → GPIO 18, MISO → GPIO 19, MOSI → GPIO 23, CS → GPIO 5, VCC → 3.3V, GND → GND
  6. SD card ကို module ထဲ ထည့်ပြီး board ကို restart ချပါ — portal ထဲက download ခလုတ်တွေ အလုပ်လုပ်လာမယ်။